
မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃၀-၁၂-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအ၀င်ကိုယ်စားလှယ်(၁၆)ဦး တက်ရောက်ကြပါသည်။ အစည်းအဝေးအား အောက်ပါအစီ အစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး မွန်းလွဲ(၁၂း၄၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည် –
အစီအစဉ်(၁) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၂) တိုင်ကြားစာအမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊
အစီအစဉ်(၃) ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊
(က) ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ခ) အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊
(ဂ) တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြ ခြင်း၊
(ဃ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊
(င) ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(စ) တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊
(ဆ) ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီိမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ် များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊
(ဇ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူးမှ ဆွေးနွေးတင်ပြခြင်း၊
အစီအစဉ်(၄) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြခြင်း၊
အစီအစဉ်(၅) အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ်(၆) ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊
အစီအစဉ်(၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေးရပ်နားခြင်း။