မွန်ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃၊ မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေအပိုဒ် ၆၂ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် –
(က) ဦးချစ်တင် ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ဥက္ကဋ္ဌ
(ခ) ဒေါ်ခိုင်ခိုင်လဲ့ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) အဖွဲ့ဝင်
(ဂ) ဒေါ်ကြည်ကြည်မြ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) အဖွဲ့ဝင်
(ဃ) ဦးမင်းထင်အောင်ဟန် ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) အဖွဲ့ဝင်
(င) ဒေါ်မြသိင်္ဂီမော် မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) အဖွဲ့ဝင်
(စ) ဒေါက်တာမင်းစိုးလင်း ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) အဖွဲ့ဝင်
(ဆ) ဗိုလ်မှူးကြီးတင်ထွဋ် တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
(ဇ) ဗိုလ်မှူးကျော်စွာဦး တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
(ဈ) ဒေါ်ခင်မျိုးမြင့် ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) အတွင်းရေးမှူး