2777

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကျင်းပခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို (၁၃.၁၂.၂၀၁၇) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၇)ဦး တက်ရောက်ပါသည်။ အစည်းအဝေးတွင် တက်ရောက်မှု အခြေ အနေကိုမှတ်တမ်းတင်ခြင်း၊ မေးခွန်း (၅)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ မှတ်တမ်းတင်ခြင်း (၁)ရပ်၊ ပြင်ဆင်ချက်အဆို အတည်ပြုခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်း အဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ(၃)ဦး၊ လေ့လာသူ (၃)ဦး တက်ရောက်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို (၁၃း၂၅) နာရီ အချိန်တွင် ရပ်နားခဲ့ပါသည်။