5647

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့) ကို (၂၆.၈.၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၇)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၇)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊ အစည်းအဝေး(ပထမနေ့)ကတင်သွင်းခဲ့သော မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်
နှင့် ဝန်ကြီးဌာနအချို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်
သွင်းထားသော မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စား
လှယ် ဒေါ်ခင်မျိုးမြင့်တို့မှ အကြံပြုဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်မှ ဆွေးနွေးခြင်း၊ အစီရင်ခံစာတင်သွင်းသော
ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပုဒ်မ ၁၇၅၊ ပုဒ်မခွဲ(စ)၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ၃၈၊ပုဒ်မခွဲ(စ)တို့အရ အစီရင်ခံစာကို ကိုယ်စားလှယ်များ၊ ဝန်ကြီးများ၏ဆွေးနွေး
အကြံပြုချက်များနှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းတို့ကို
ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး မွန်ပြည်နယ်လွှတ်တော် တိုင်းကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာနှင့်
စပ်လျဉ်း၍ ဆွေးနွေးရန်အမည်စာရင်းတင်သွင်းထားခြင်းမရှိပါ၊ အစိုးရအဖွဲ့ဝန်ကြီးများကလည်း
ဆွေးနွေးရန်မရှိသဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၇၅၊ ပုဒ်မခွဲ(စ)၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(စ)တို့အရ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်နိုင်ရန်
ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာခြင်း၊ အစည်းအဝေး(ဒုတိယနေ့)ကတင်သွင်းခဲ့သော မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏လုပ်ငန်းဆောင်ရွက်
ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်
(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်း
သားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေး
ရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်
လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကရင်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပအိုဝ်းတိုင်းရင်း
သားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်တို့မှ အကြံပြုဆွေးနွေးခြင်း၊ အစီရင်ခံစာတင်သွင်းသော
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်ထူးမှ ပြန်လည်ဆွေးနွေးခြင်းနှင့်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၅၊ ပုဒ်မခွဲ(စ)၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(စ)တို့အရ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်မှမှတ်တမ်းတင်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်နိုင်ရန် ပေးပို့
သွားမည်ဖြစ်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)
တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခုမေးမြန်း
ဖြေကြားခြင်း၊အစီရင်ခံစ(၃)ရပ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင်ဖိတ်ကြား၍တက်ရောက်သူ(၇)ဦးတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို မွန်းလွဲ(၁၂း၃၀)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၂၈.၈.၂၀၂၀)ရက် (သောကြာနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆောင်ရွက်ပါမည်။