5657

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို
(၃၁.၈.၂၀၂၀)ရက်၊ တနင်္လာနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊
အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်
(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။

အစည်းဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁) ဦးအနက် (၃၀) ဦး
တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့်
ဖြေကြားခြင်း၊ အစည်းဝေး (စတုတ္ထနေ့)က တင်သွင်းခဲ့သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ် ဒေသန္တာရစီမံကိန်းဥပဒေ(မူကြမ်း) တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အမည်စာရင်း
တင်သွင်းထားသော ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာအောင်နိုင်ဦးမှ ပြင်ဆင်လိုသည့်အချက်ကို ဆွေးနွေးတင်ပြခြင်း၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးထွန်းမင်းအောင်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူူးတို့မှ အကြံပြုဆွေးနွေးခြင်း၊ဥပဒေ(မူကြမ်း)တင်သွင်းသောစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ ရှင်းလင်းဆွေးနွေးပြီးပြင်ဆင်ချက်အားသဘောတူကြောင်းနှင့်ဥပဒေ(မူကြမ်း)အားအခန်းလိုက် သဘောထားရယူရာကန့်ကွက်မည့်သူမရှိသဖြင့်ဥပဒေ(မူကြမ်း)အား နောက်ဆက်တွဲ(၁)၊ နောက်ဆက်တွဲ(၂)ပြင်ဆင်ချက်ပါအတိုင်း၊ နောက်ဆက်တွဲ(၃)ပါပြဋ္ဌာန်းချက်များနှင့်
အတူပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းဝေး (ပဉ္စမနေ့)တွင်
အစည်းဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊
ဥပဒေ(မူကြမ်း)တစ်ရပ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား
တက်ရောက်သူ(၈)ဦး တက်ရောက်ခဲ့ပါသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပဉ္စမနေ့)ကိုမွန်းလွဲ(၁၂း၃၀)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဌမနေ့)ကို (၁.၉.၂၀၂၀)ရက် (အင်္ဂါနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆောင်ရွက်ပါမည်။