မွေးသက္ကရာဇ် |
(၁၃.၁၂.၁၉၇၀) |
ယခင်အလုပ်အကိုင် |
ဗီဒီယိုရိုက်ကူး/ တည်းဖြတ် |
ပညာအရည်အချင်း |
B.V.Sc (တိရစ္ဆာန်ဆေးပညာအဖွဲ့) |
ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) |
ပါတီအမည် |
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ |
အဘအမည် |
ဦးတင်ဝင်း(ကွယ်လွန်) |
လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆) |
လိပ်စာ |
အမှတ်(၁၂)၊ ရပ်ကွက်(၉)၊ မုဒွန်းကျေးရွာ၊ ချောင်းဆုံမြို့နယ် |
ကိုယ်ရေးအကျဉ်း |
ပညာသင်ကြားမှုနှင့်ပက်သက်ပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာကို ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ အ.ထ.က (မုဒွန်း)တွင်လည်းကောင်း၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ အမှတ်(၁) အ.လ.က တွင်လည်းကောင်း၊ ၁၉၈၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ အမှတ်(၉) အ.ထ.က တွင်လည်းကောင်း ပညာသင်ကြားခဲ့ပြီး ၁၉၉၀ ခုနှစ်မှ ၁၉၆၆ ခုနှစ်ထိ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်တွင် ဘွဲ့ရရှိခဲ့ပါသည်။ အလုပ်အကိုင်အနေဖြင့် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ထိ ရန်ကုန်မြို့ ရွာသာကြီးတွင် ကြက်မွေးမြူရေးခြံလုပ်ငန်းကိုလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ခုနှစ်ထိ ချောင်းဆုံမြို့နယ်တွင် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးလုပ်ငန်း ကိုလည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ နိုင်ငံရေး/ လူမှုရေးဆောင်ရွက်မှု အနေဖြင့် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်ထိ မွန်စာပေ နှင့်ယဉ်ကျေးမှုကော်မတီတက္ကသိုလ်များ (ရေဆင်း)တွင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ခုနှစ်ထိ ချောင်းဆုံမြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ပြစ်မှု/ ပြစ်ဒဏ် အနေဖြင့် ကျခံခဲ့ဖူးခြင်းမရှိပါ။ |
ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)