အမည် |
ဦးထွန်းဌေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ သံဖြူဇရပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) |
ယခင်အလုပ်အကိုင် |
ရာဘာစိုက်ပျိုးရေးနှင့်ဆက်စပ်သည့်အလုပ်များ |
ပညာအရည်အချင်း |
B.A(Geography) 2nd Year(IR) |
ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ သံဖြူဇရပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) |
ပါတီအမည် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
အဘအမည် |
ဦးစိန်ဝင်း(ကွယ်လွန်) |
လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆) |
လိပ်စာ |
(မ-၃၃)၊ မဟာဗန္ဓုလလမ်းသွယ်-၃၊ အောင်သာယာ၊ သံဖြူဇရပ်မြို့ |
ကိုယ်ရေးအကျဉ်း |
ပညာသင်ကြားမှုနှင့်ပတ်သက်ပြီး မူလတန်းပညာကို ထားဝယ်လမ်းအစိုးရ မူလတန်းတွင်လည်းကောင်း၊ အလယ်တန်းနှင့်အထက်တန်းကို အ.ထ.က- ၁ (သံဖြူဇရပ်)တွင် လည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ဒသမတန်းအောင်မြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံတကာ ဆက်ဆံရေးပညာဖြင့် စတင် ပညာသင်ကြားခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် မိခင်ကျန်းမာရေးအခြေအနေကြောင့် ဒုတိယနှစ်တွင် ရပ်နားခဲ့ပြီး မော်လမြိုင်အဝေးသင်တက္ကသိုလ်ဌာနခွဲမှ ပထဝီအဓိကဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့ပါသည်။ အလုပ်အကိုင်အနေဖြင့် ၁၉၉၇-၂၀၀၅ ခုနှစ်ထိ အခြေခံပညာအထက်တန်းအဆင့် ပြင်ပကျူရှင်ဆရာအဖြစ် လည်းကောင်း၊ ၁၉၉၈-၁၉၉၉ ခုနှစ်ထိ ပငကျေးရွာ၊ တွဲဘက်အထက်တန်းကျောင်း၌အထက်တန်းပြဆရာ (ဆွဲခန့်) အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် ၂၀၀၅ ခုနှစ်တွင် သင်ကြားရေးလောကမှ အနားယူပြီး ရော်ဘာစိုက်ပျိုးရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ယနေ့အထိလေ့လာလုပ်ကိုင်လျက် ရှိပါသည်။နိုင်ငံရေး /လူမှုရေးဆောင်ရွက်မှုအနေဖြင့် ၂၀၀၃ ခုနှစ်တွင် NLD ပါတီသို့ စတင်ဝင်ရောက်ခဲ့ပြီး မြို့နယ်အဖွဲ့ချုပ် လူငယ်တာဝန်ခံ-၂၊ ၂၀၀၇ ခုနှစ်တွင် မြို့နယ်အလုပ်အမှုဆောင်တွဲဘက် အတွင်းရေးမှူးနှင့် လက်ရှိမြို့နယ်အဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့်တောင်သူသမား ရေးရာ ကော်မတီဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ ပြစ်မှု/ ပြစ်ဒဏ်အနေဖြင့် ကျခံဖူးခြင်းမရှိပါ။ |
သံဖြူဇရပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)