7404

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၂၅.၁.၂၀၂၁) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ တတိယအကြိမ်ိ မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပ ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အပါအဝင် စုစုပေါင်း (၁၆)ဦး တက်ရောက်ကြပါသည်။ အစည်းအဝေးအား‌‌ အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး နေ့လည်(၁၁း၀၅)နာရီအချိန်တွင် ရပ်နားခဲ့ပါ သည်။

အစီအစဉ် (၁) ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊

အစီအစဉ် (၂)  အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ အသီးသီမှ ရှင်းလင်းဆွေးနွေးခြင်း၊

အစီအစဉ် (၃) အထွေထွေဆွေးနွေးခြင်း၊

အစီအစဉ် (၄) အစည်းအဝေးပြီးမြောက်ကြောင်း ကြေညာခြင်း။