ဖွဲ့စည်းမှု

         မွန်ပြည်နယ်လွှတ်တော်ရုံးအဖွဲ့ကို (၄-၇-၂၀၁၄)ရက်နေ့မတိုင်မီအထိ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သည့် အရာထမ်း (၆)ဦး၊ အမှုထမ်း (၂၀)ဦး၊ စုစုပေါင်း (၂၆)ဦးပါဝင်သောအင်အားဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ယင်းကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတာဝန်ထမ်းဆောင်သူ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊   ပြည်နယ်အုပ်ချုပ်ရေးမှူးသည်    ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူးတာဝန်ကို   ပူးတွဲထမ်းဆောင်ခဲ့ပါသည်။  ( ၄ – ၇ – ၂၀၁၄ )ရက်နေ့မှစ၍  ပြည်နယ်လွှတ်တော်ရုံးအဖွဲ့ကို  ညွှန်ကြားရေးမှူးဦးဆောင်သော  အရာထမ်း (၆)ဦး၊  အမှုထမ်း (၃၆)ဦး၊  စုစုပေါင်း (၄၂)ဦး ရုံးအဖွဲ့ဖြင့် သီးခြားစီခွဲထွက်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။   လက်ရှိတွင်  မွန်ပြည်လွှတ်တော်ရုံးအဖွဲ့ကို  ဒုတိယညွှန်ကြားရေးမှူးချူပ်ဦးဆောင်သော  အရာထမ်း (၁၆)ဦး၊  အမှုထမ်း (၄၄)ဦး၊  စုစုပေါင်း (၆၀)ဦးဖြင့်  မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိပါသည်။