- January 06,2021
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် ( ၂၇ )ဦး တက်ရောက်ကြပါသည်။ ၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်- (က) ကြယ်ပွင့်ပြမေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း (၁) ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် ၁/၂၀၁၇ ဘဏ္ဍာရေးစည်းမျဉ်းအရ အချို့သောဌာနများတွင် တင်ဒါခေါ်ယူခြင်းမရှိဘဲ ဌာနမှတိုက်ရိုက်ဆောင်ရွက်နေခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ၁/၂၀၁၇ဘဏ္ဍာရေးစည်းမျဉ်းကို လိုက်နာကျင့်သုံးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလို သောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီး […]
အသေးစိတ်ဖတ်ရန်...