1156

တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်၊ လျာထားချက်နှင့်ပတ်သက်ပြီး မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များ သိရှိလိုခြင်း၊ ဒေသခံပြည်သူလူထု၏  လိုအပ်ချက်များအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ဆွေးနွေးညှိနှိုင်းလိုခြင်းကြောင့် (၁၂-၇-၂၀၁၆)ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးတို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

20160712_101126