1150

တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်း စီမံချက်၊ လျာထားချက်နှင့်ပတ်သက်ပြီး မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များ သိရှိလိုခြင်း၊ ဒေသခံ ပြည်သူလူထု၏ လိုအပ်ချက်များအား သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့် တွေ့ဆုံ တိုင်ပင် ညှိနှိုင်းလိုကြောင်း တင်ပြခဲ့ကြပါသည်။

 

ကိုယ်စားလှယ်များ၏တင်ပြချက်အရ (၇-၇-၂၀၁၆)ရက်နေ့တွင် ပြည်နယ်ပညာရေးဌာန နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန တို့အား မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

20160707_140427