3127

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်နဝမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၅.၃.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဥက္ကဋ္ဌရုံးခန်းမတွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်နဝမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည် နယ်ရဲတပ်မှူး၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် ဆက်သွယ်ရေး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ သတင်းတပ်ဖွဲ့၊ ပြည်နယ်ြ ပန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ မွန်ပြည်နယ်လွှတ်တော်နဝမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းရေးစီမံချက်ကိုရှင်းလင်းပြေကြားခဲ့ပါသည်။