2674

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

(၂၈.၁၁.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရုံးခန်းအစည်းအဝေးတွင် ဒုတဆိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့  မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ကျင်းပရေးဦးစီးကော်မတီ၊ ဖိတ်ကြားရေးကော်မတီ၊ တည်ခိုနေရာချထားရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ ဧည့်ခံရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ အစည်းအဝေးခန်းမ ပြင်ဆင်ရေး ကော်မတီ၊ မီးလင်းရေးကော်မတီတို့မှ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၂၈.၁၁.၂၀၁၇) ရက်နေ့၊ နေ့လည်(၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။