889

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊ လွှတ်တော်လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ လွှတ်တော်လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို (၁-၃-၂၀၁၆) ရက်နေ့၊ (၁၃း၀၀)နာရီမှ (၁၄း၂၀)နာရီအထိ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် အစီအစဉ်(၄)ရပ်ဖြင့် ကျင်းပပြုလုပ်ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ လွှတ်တော်လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးကြရာ ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေးကိစ္စ၊ တိုင်ကြားစာများနှင့်ပတ်သက်၍ စိစစ်လေ့လာရန်ကိစ္စနှင့်ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပမည့် ကိစ္စရပ်များကို ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၂၈)ဦးနှင့် မွန်ပြည်နယ်လွှတ်တော်ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။

IMG_5541     IMG_5508