3154

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအေးသာအောင်နှင့် မွန်ပြည်နယ်လွှတ်တော် တွေ့ဆုံဆွေးနွေးခြင်း

(၁၉-၃-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် မွန်ပြည်နယ် လွှတ်တော်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်မှ သြဝါဒစကား မြွက်ကြားခြင်း၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးခြင်း၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ လွှတ်တော်၏ဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များမှ ဆွေးနွေးတင်ပြခြင်း ၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အား မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး အခမ်းအနားကို (၁၅း၀၀)နာရီအချိန်တွင် ရပ်နား ခဲ့ပါသည်။