ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်နှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်နှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့နေ့လည်(၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး လွှတ်တော်လုပ်ငန်းဆောင်ရွက်ချက်များ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် လွှတ်တော်အတွင်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး သိရှိလိုသည်များကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ၊ ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦး၊ မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။




