မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေ (မူကြမ်း) ပြည်သူ့အသံကြားနာပွဲဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း
(၉.၁.၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေ(မူကြမ်း) ပြည်သူ့အသံကြား နာပွဲဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အလုပ်ရုံဆွေးနွေးပွဲ၏ရည်ရွယ်ချက်များအားရှင်းလင်းခြင်း၊ ယခင်အလုပ်ရုံဆွေးနွေးပွဲရလဒ်များ အားပြန်လည်ရှင်းလင်းခြင်းနှင့်ပြန်လည်သုံးသပ်ခြင်း၊ Consultation ပြုလုပ်မည့်လုပ်ငန်းစဉ်နှင့် နည်းလမ်းများအား ဆွေးနွေးခြင်း၊ တာဝန်များပြန်လည်ခွဲဝေခြင်း၊ ဆောင်ရွက်မည့် နည်းလမ်းများ ဆွေးနွေးခြင်း၊ Consultation ပြုလုပ်မည့်လုပ်ငန်းစဉ်နှင့် နည်းလမ်းများအားဆွေးနွေးခြင်း၊ အစီအစဉ်များရေးဆွဲခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပြုရေး ဆိုင်ရာကော်မတီဝင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများတို့မှ တက်ရောက်ကြပါသည်။ ဆွေးနွေးပွဲကို (၉.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၄း၀၀)အချိန်တွင် ရပ်နားခဲ့ပါသည်။


