4017

မွန်ပြည်နယ်နှင့်သက်ဆိုင်သောမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)၏ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းစဉ်များအားလေ့လာစိစစ်သုံးသပ်ခြင်း

မွန်ပြည်နယ်လွှတ်တော်၏ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီမှ မွန်ပြည်နယ်နှင့်သက်ဆိုင်သော မြန်မာနိုင်ငံရင်းနှီး မြုပ်နှံမှုကော်မရှင်(MIC)၏ ဆုံးဖြတ်ချက်များနှင့်လုပ်ငန်းစဉ်များအား လေ့လာစိစစ်သုံးသပ်ခြင်း
ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ကော်မတီမှလေ့လာစိစစ်သုံးသပ်မည့် ကဏ္ဍနယ်ပတ်သတ်မှတ်ဖော်ပြချက် (TOR)အားအောက်တွင်
ဖော်ပြထားပါသည်။

လေ့လာစိစစ်သုံးသပ်ခြင်းအဆုံးတွင် သင့်လျော်မည့်အကြံပေးတင်ပြမှုများပါဝင်သည့် အစီရင်ခံစာ တစ်စောင်အား ထုတ်ပြန်သွားမည်ဖြစ်ပြီး ၎င်းအစီရင်ခံစာအား ပြည်နယ်လွှတ်တော်အစည်း အဝေးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။

ဆက်လက်၍အစီရင်ခံစာအား သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနထံသို့လည်း စဉ်းစားသုံးသပ်မှု ပြုနိုင်ရန်ပေးပို့သွားမည်ဖြစ်ပါသည်။ ယခုလေ့လာစိစစ်သုံးသပ်ခြင်းသည် မွန်ပြည်နယ်စဉ်ဆက်
မပြတ်ဖွံဖြိုးတိုးတက်ရေးအတွက် အကောင်းမွန်ဆုံးသောရင်းနှီးမြုပ်နှံမှုများ ဖြစ်ပေါ်စေရေး အထောက်အကူဖြစ်နိုင်စေရန် (MIC) နှင့်မွန်ပြည်နယ်၏လိုအပ်ချက်များ (အကယ်၍လိုအပ်သည် ဟုတွေ့ရှိရပါက)များအကြားညှိနှိုင်းဆောင်ရွက်ခြင်းကို ပိုမိုတိုးတက်ကောင်းမွန်စေရန် နည်းလမ်း များ သတ်မှတ်ဖော်ထုတ်ခြင်းကို ဦးတည်ပါသည်။

ယခုလေ့လာစိစစ်သုံးသပ်ခြင်းနှင့်စပ်လျဉ်း၍ စိတ်ပါဝင်စားသူပုဂ္ဂိုလ်တစ်ဦးခြင်းစီနှင့် အဖွဲ့အစည်း အသီးသီးတို့အား သတင်းအချက်အလက်များပေးပို့တင်ပြနိုင်ရန်  ဖိတ်ခေါ်အပ်ပါသည်။ လေ့လာစိစစ်သုံးသပ်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များနှင့် သတင်းအချက်အလက်များ ပေးပိုု့ တင်ပြနိုင်ရန် ပုံစံလမ်းညွှန်အား အောက်တွင်အသေးစိတ် ဖော်ပြထားပါသည်။

သတင်းအချက်အလက်များအား၂၀၁၉ခုနှစ်၊မတ်လ၊၁၅ရက်နေ့နောက်ဆုံးထား၍အောက်ဖော်ပြပါလိပ်စာသို့ ပေးပို့နိုင်ပါသည်။

စုံစမ်းမေးမြန်းရန် –

ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီမွန်ပြည်နယ်လွှတ်တော်၊ မော်လမြိုင်မြို့ ။

ဖုန်း – 057-27492

Fax – 057-27492

Email – [email protected]