မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ဝန်ဆောင်မှုများအား Manual System မှ Computerize Syatemသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
(၁၇.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ MSCT Co. LTD မှ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ဝန်ဆောင်မှုများအား Manual System မှ Computerize Syatemသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ MSCT Company Limited ၏ Managing Director ဦးဇော်ဇော်အောင်မှ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ဝန်ဆောင်မှုများ အား Manual System မှ Computerize Syatemသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဖြည့်စွက်ပြောကြားခြင်းနှင့် ပြည်သူလူထုမှဝင်ရောက်ဆွေးနွေးခြင်း တို့ကိုပြုလုပ်ခဲ့ကြပါသည်။
ဆွေးနွေးပွဲကို (၁၇.၅.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


