မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
(၁၅-၃-၂၀၁၈)ရက်နေ့၊ နံနက် (၁၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မူးယစ် ဆေးဝါမူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် လောကအလင်းအဖွဲ့မှ စီမံကိန်းနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားမှုအခြေအနေအား ဆွေးနွေးတင်ပြခြင်း၊ ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာ ဆိုင်ရာ အခြေအနေများကို တက်ရောက် လာသူမှ ဆွေးနွေးတင်ပြခြင်းနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားအမြင်များကို ဆွေးနွေးခြင်းများ ပြုလုပ်ပါသည်။
ဆွေးနွေးပွဲကို (၁၅-၃-၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီတွင် ရပ်နားခဲ့ပါသည်။


