မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၃.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအေ ဝးကို ကျင်းပပြုလုပ်ခဲ့ပါသည် ။အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူး၊ မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျိုက်မရောမြို့နယ်အေ ထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ကျိုက်မရောမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ကျိုက်ထိုမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊တိုင်ကြားသူနှင့် တိုင်ကြားခံရသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ သို့ လိပ်မူတိုင်ကြားလာသည့် တိုင်ကြားစာ၊ တင်ပြစာများနှင့်စပ်လျဉ်း၍ တွေ့ဆုံကြားနားစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးကို (၁၃.၇.၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

