3676

မွန်ပြည်နယ်လွှတ်တော်တွင် ရေးမြို့နယ်မီးလင်းရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၃၀.၇.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ရေးမြို့နယ်မီးလင်းရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လမိုင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူးကြီးနှင့် လက်ထောက်အင်ဂျင်နီယာ၊  ရေးမြို့နယ် မီးလင်းရေးကော်မတီများ၊ ပြည်နယ်စာရင်း ကြီးကြပ်စစ်ဆေးရေးဌာနမှ တာဝန်ရှိသူ၊ ကုမဏီများမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာအုပ်စုတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းကြပါသည်။