မွန်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ(၄)ဌာနမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းခြင်းအခမ်းအနားကျင်းပပြုလုပ်ခြင်း
(၇-၉-၂၀၂၆)ရက်၊(တနင်္လာနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာ(၄)ဌာနမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များရှင်းလင်းတင်ပြမည့်ဌာနမှတာဝန်ရှိနသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဌာန၏လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးမှ သမဝါယမလုပ်ငန်း ဆိုင်ရာကိစ္စရပ်များအားရှင်းလင်း တင်ပြခြင်း၊ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဌာန၏လုပ်ငန်း ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်းနှင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဌာန၏လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြခဲ့သည့် ဌာနများ၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးမေးမြန်းခဲ့ကြပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြားခဲ့ ပါသည်။ အခမ်းအနားကို (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။







