မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၇.၇.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီခန်းတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ် များလေ့လာ သုံးသပ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တိုင်ကြားစာများနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးကြပါသည်။ အစည်းအဝေး ကို (၁၇-၇-၂၀၁၈)ရက်နေ့၊ နံနက် (၁၁း၄၅)နာရီအချိန်တွင် ရပ်နားပါသည်။



