မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၉.၁၁.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေး ဝန်ကြီးဒေါက်တာထိန်လင်း၊ မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်နှင့် ပြည်နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာမိုးဆွေတို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးသို့ တက်ရောက်လာသူများမှ သက်တမ်းလွန်ဆေးပစ္စည်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါပစ္စည်းရောင်းချနေခြင်းကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးကို (၉.၁၁.၂၀၁၇)ရက်နေ့၊ နေ့လည် (၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


