မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်များ
(၂၆.၅.၂၀၁၇)ရက်နေ့ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ မှ ရေးမြို့နယ်၊ လမိုင်းမြို့နှင့်သောင်ပြင်ကျေးရွာသို့ သွားရောက်ကွင်းဆင်းလေ့လာကြပါသည်။ ထိုသို့ကွင်းဆင်းလေ့လာရာတွင် ဒေသခံပြည်သူများမှ တင်ပြ တိုင်ကြားလာသော သောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာပိုင်စားကျက်မြေအား ရောင်းချခြင်းကိစ္စရပ်တို့နှင့်ပတ်သက်၍ သွားရောက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။


