မွန်ပြည်နယ်လွှတ်တော်နှင့် National Enlightenment Institute (NEI) တို့ပူးပေါင်း၍ ဘီးလင်းမြို့နယ်တွင် သုတေသနြ ပု လုပ်ရန် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၃၀.၅.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် သုတေသနအကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ နယ်မြေခံပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၊ ဒေါက်တာဒေါ်ကြင်စွမ်၊ ပါမောက္ခ(ငြိမ်း)၊ ပထဝီဝင်ဌာန၊ National Enlightenment Institute (NEI)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဘီးလင်းမြို့နယ်၏ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုလုပ်နိုင်ရန် အကြိုညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၃၀.၅.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၆း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


