မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၂.၅.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ပြည်သူ့ ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များနှင့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကော်မတီ Inquiryနှင့်ပတ်သက်သည့်ကိစ္စ၊ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ရသုံး မှန်းခြေငွေစာရင်းလျာထားချက်နှင့်စပ်လျဉ်းသည့်ကိစ္စတို့အား ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၂၂.၅.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



