4103

မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၆.၃.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ပြည်သူ့ ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် မွန်ပြည်နယ်ရှိကျောက် မိုင်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင် (MIC)ခွင့်ပြုမိန့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကိုလေ့လာစိစစ်သုံးသပ်ရန် ကျောက်မိုင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကြပါသည်။

အစည်းအဝေးကို (၂၆.၃.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။