3751

မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၃.၈.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဘဏ္ဍာရေး၊စီမံကိန်း၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောက်မိုင်း လုပ်ငန်းရှင်များ တက်ရောက် ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများသည် ကျောက်မိုင်း၊ ကျောက်ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး အခက်အခဲနှင့်စိန်ခေါ်မှုများကိစ္စအားဆွေးနွေးခဲ့ပါသည်။

ကော်မတီအစည်းအဝေးကို (၂၃.၈.၂၀၁၈)ရက်နေ့၊မွန်းလွဲ(၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။