မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃၁.၁.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဝန်ကြီး၊ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်စိုက်ပျိုးရေးဇဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာန၊ Zaykabar Co.,Ltd၊ Farmer Pho Yarzar Co.,Ltd၊ June Cement Industry Co.,Ltd တို့မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
အစည်းအဝေးသို့ တက်ရောက်လာသူများမှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ဘိလက်မြေစက်ရုံစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကော်မတီအစည်းအဝေးကို (၃၁.၁.၂၀၁၈)ရက်နေ့၊ နေ့လည်(၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


