2377

မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၃.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁း၃၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများသည် ပြည်တွင်းအခွန်မှကောက်ခံရရှိသော အခွန်နှုန်းထားနှင့် ကောက်ခံရရှိမှုစာရင်းဇယားများကိစ္စနှင့် စက်မှုဇုန်၊ ခနောက်စိမ်းသန့်စင်စက်ရုံကိစ္စနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ပါ သည်။

ကော်မတီအစည်းအဝေးကို (၂၃.၈.၂၀၁၇)ရက်နေ့၊မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။