2228

မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၇.၇.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များသည် နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များမှ ပုဂ္ဂလိကသို့လွှဲပြောင်းငှားရမ်းသည့်ကိစ္စနှင့် မွန်ပြည်နယ်အတွင်းရှိအကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ကော်မတီအစည်းအဝေးကို (၂၇.၇.၂၀၁၇)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။