2195

မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၀.၇.၂၀၁၇)ရက်နေ့၊မွန်းလွဲ (၂း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပြည်သူ့ ဆေးရုံများတွင်  ဘတ်ဂျက်လေလွင့်မှုမရှိရန် ထိန်းကျောင်းရမည်ဖြစ်ကြောင်းနှင့်ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်းဌာနများမှဘတ်ဂျက်   တောင်းခံရာတွင်ခွဲဝေချထားမှုဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ကော်မတီအစည်းအဝေးကို (၂၀.၇.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၂း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။