မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၁.၅.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမတွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက် ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသောသူများမှ Southern Myanmar F.C လုပ်ငန်းနှင့်ပတ်သက်ပြီး ကော်မတီမှကွင်းဆင်းဆောင်ရွက်မှုအစီရင်ခံစာ တင်ပြရန်ကိစ္စ၊ မွန်ပြည်နယ်လွှတ်တော်ရုံး (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်များမှ စက်ကိရိယာပစ္စည်းများဝယ်ယူခြင်း၊ ရုံးသုံး ပရိဘောဂဝယ်ယူခြင်း၊ အမှန်အသုံးစရိတ်အသေးစိတ်စာရင်းအား ကော်မတီမှလေ့လာရန်ကိစ္စနှင့် Ocean Shopping Mall လုပ်ငန်းနှင့်ပတ်သက်၍ ချုပ်ဆိုခဲ့သော စာချုပ်စာတမ်းများအား ကော်မတီမှလေ့လာလိုုသည့်အတွက် အကြောင်းကြားပေးရန်ကိစ္စတို့ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။
ကော်မတီအစည်းအဝေးကို (၁၁.၅.၂၀၁၇)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


