3583

မွန်ပြည်နယ်လွှတ်တော်သုတေသနလုပ်ငန်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၉.၇.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် သုတေသနအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ နယ်မြေခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်၊ ဒေါက်တာဒေါ်ကြင်စွမ်နှင့် မော်လမြိုင်တက္ကသိုလ်ဌာနသုတေသီများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ကျိုက်မရောမြို့နယ ရှေးဟောင်ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်းသုတေသနနှင့်ပတ်သက်ပြီး စာတမ်းဖြစ်မြောက်ရေးနှင့် ဘီးလင်း မြို့နယ်သို့ သုတေသနဆောင်ရွက်နိုင်ရေး ဆွေးနွေးကြပါသည်။

အစည်းအဝေးကို (၉-၇-၂၀၁၈)ရက်နေ့၊ နံနက် (၁၁း၃၀)အချိန်တွင် ရပ်နားပါသည်။