မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၇.၉.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများသည် မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီသို့တိုင်ကြားထားသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
ကော်မတီအစည်းအဝေးကို (၇.၉.၂၀၁၈)ရက်နေ့၊ မွန်းတည့်(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



