3346

မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၁.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံမြို့နယ်စခန်းမှူးနှင့် တိုင်ကြား ထားသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများသည် မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီသို့ တိုင်ကြားထားသည့်ကိစ္စများကို မေးမြန်းဆွေးနွေးကြပါသည်။

ကော်မတီအစည်းအဝေးကို (၂၁.၅.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။