2042

မွန်ပြည်နယ်လွှတ်တော်အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မွန်ပြည်နယ်လွှတ်တော်သည် United Nations Development Programme (UNDP)နှင့် ပူးပေါင်း၍ မွန်ပြည်နယ်လွှတ်တော် မဟာဗျူဟာ စီမံကိန်း   ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲကို (၁၉.၆.၂၀၁၇) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ (UNDP) မှတာဝန်ရှိသူများနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ (UNDP) အဖွဲ့ ခေါင်းဆောင်   Ms. Emma Morely မှ မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်းနည်းစနစ်အကြောင်းကို မိတ်ဆက်တင်ပြ ခြင်း၊ ဆက်လက်၍ (UNDP) မှ Mr. Philip Annawit မှ မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်းတွင် ပါဝင်သော လွှတ်တော်၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့်စံနှုန်းများသုံးသပ်တင်ပြခြင်းနှင့် အုပ်စုဖွဲ့   ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို (၁၉.၆.၂၀၁၇) ရက်နေ့မှ (၂၀.၆.၂၀၁၇) ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ပါသည်။