3790

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၀-၉-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့၊  ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊  ယာဉ်ထိန်းသိမ်းကြီးကြပ် ရေးမှ စာရင်းစစ်နှင့်ယာဉ်ပိုင်ရှင်များတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်ပုဂ္ဂလိကယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။

အစည်းအဝေးကို (၁၀-၉-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၄း၁၅)နာရီတွင် ရပ်နားပါသည်။