မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၅.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၊ ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီး ဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှမွန်ပြည်နယ်မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ကော်မတီအစည်းအဝေးကို (၂၅.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၄း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


