မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၁၈.၇.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်ကြသူများမှ တိုင်းရင်းသားများ၏နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်းရရှိရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၁၈.၇.၂၀၁၈)ရက်နေ့၊ နံနက် (၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



