မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေလေ့လာသုံးသပ်ရေး ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃-၅-၂၀၁၈)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေ ကိစ္စရပ်များလေ့လာ သုံးသပ်ရေး ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ သံဖြူဇရပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူးတို့ တက်ရောက် ကြပါသည်။
အစည်းအဝေးတွင် ဒီမိုကရေစီနည်းလမ်းမကျသော စစ်သမိုင်းပြတိုက်ရှေ့ပြေးစီမံကိန်းကို တားဆီးပေးရန် တိုက်တွန်းခြင်း တင်ပြစာနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၃-၅-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



