မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၃.၈.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတက်ရောက်ကြ သူများမှ တိုင်းရင်းသားစာပေသင်ကြားရေးနှင့် မွန်ပြည်နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသောဒေသတွင်း နေထိုင်သော တိုင်းရင်းသားများအား မှတ်ပုံတင် ပြုလုပ်ရေး (One Stop service)အား ကော်မတီအနေနှင့်ဦးဆောင်ပြီး ပြည်နယ် လ ၀ က နှင့်ပူးပေါင်း၍ နိုင်ငံသားမှတ်ပုံတင်ပေးအပ်ပွဲကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။


