2387

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၄.၈.၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး သို့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ မြစ်သဲကျောက်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လမ်းခင်းကျောက် လုပ်ငန်းများ ဆွေးနွေးမှုအစီရင်ခံစာကို (၄.၉.၂၀၁၇)ရက်နေ့တွင် ကျင်းပမည့်လွှတ်တော်ပုံမှန်အစည်းအေဝေးတွင် တင်ပြရန် သင့်၊ မသင့်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၂၄.၈.၂၀၁၇) ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။