2207

မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၁.၇.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌဦးထွန်းမင်းအောင်နှင့်    ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်မှကျင်းပခဲ့သည့် အထူးအစည်းအဝေး၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန်၊ ပဉ္စမပုံမှန်အစည်းအဝေးများတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ   မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍  ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာန အလိုက်ကတိကဝတ်ပြုခဲ့သည့်မေးခွန်းများအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းအကောင် အထည်ဖော်   ဆောင်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။