1060

ရေးရာကော်မတီများ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

 

(၂၇-၅-၂၀၁၆)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးနှင့်ဥပဒေပြုရေးဆိုင်ရာ ကော်မတီသို့ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ 

 

          ကော်မတီများ၏ ပုံမှန်အစည်းအဝေးကျင်းပမည့် နေ့ရက်များမှာ အပတ်စဉ်အင်္ဂါနေ့တွင် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီ၊ ဗုဒ္ဓဟူးနေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးနှင့် ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၊ ကြာသပတေးနေ့တွင် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ သောကြာနေ့တွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ  လေ့လာသုံးသပ်ရေး ကော်မတီနှင့်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးများ ကျင်းပပြုလုပ်လျှက်ရှိပါသည်။

20160527_100608