လွှတ်တော်ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၃-၅-၂၀၁၆) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအစည်းအဝေးကိုလည်းကောင်း၊ ရေးရာကော်မတီအစည်းအဝေးခန်းမတွင် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကိုလည်းကောင်း ကျင်းပြုလုပ်ခဲ့ပါသည်။
တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးတွင် တိုင်ကြားထားသည့် တိုင်ကြားစာကိစ္စများအား ဆွေးနွေးကြပါသည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးတွင် အလတ်စားနှင့်အသေးစားပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေ(မူကြမ်း)ကို ဆွေးနွေးခဲ့ပါသည်။



