947

လွှတ်တော်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၂၂-၄-၂၀၁၆)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအစည်းအဝေးကိုလည်းကောင်း၊ ရေးရာကော်မတီအစည်းအဝေးခန်းမတွင် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးတွင် တိုင်ကြားထားသည့် တိုင်ကြားစာကိစ္စများအား ဆွေးနွေးကြပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များနှင့်တွေ့ဆုံ၍မိတ်ဆက်ခြင်းဆောင်ရွက်ကြပြီး ဥပဒေပြုရမည့်ကိစ္စရပ်များ၊ ပြဋ္ဌာန်းပြီး ဥပဒေများ၊ နည်းဥပဒေများ၊ ပြဋ္ဌာန်းရန် ကျန်ရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်မွန်ပြည်နယ်နှင့်သင့်တော်မည့် ဥပဒေများ ထပ်မံရေးဆွဲကြရန် ဆွေးနွေးခဲ့ပါသည်။

ကော်မတီအစည်းအဝေးများအား (၂၂-၄-၂၀၁၆)ရက်နေ့၊ နေ့လည် (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

 

20160422_104109  FB_IMG_1461504491609 - CopyFB_IMG_1461504495494